ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။ မြန်မာနိုင်ငံတွင်း မည်သည့်နေရာတွင်မဆို ကျင်းပသည့် စင်မြင့်ဖျော်ဖြေပွဲများ၌ ဂျောက်ဂျက်နာမည်သုံး၍ သီဆိုဖျော်ဖြေခွင့်ကို ပိတ်လိုက်တယ်လို့ သိရပါတယ်။ Bi Weekly Eleven ဂျာနယ် နှင့် အခြားမြန်မာ သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ဆင်ဆာမဲ့ ညစ်ညမ်း မြန်မာသီချင်း တွေ သီဆိုမှုနဲ့ ပတ်သတ်ပြီး ဂျောက်ဂျက်ကို အခုလို အရေးယူခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ဂျောက်ဂျက်သည် ဟစ်ဟော့လောကထဲသို့ ၂၀၀၄ ခုနှစ်က စတင်ရောက်ရှိလာကာ Underground အခွေများ ဝေပြီးချိန်မှစ၍ နာမည်ရလာပြီး VIP အဖွဲ့တွင် Ah.Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေတို့နဲ့အတူ သီဆိုသူတဦးဖြစ်သည်။ ဂျောက်ဂျက်ရဲ့ Rap သီချင်းတွေကိုတော့ Internet (mp3.mmblogs.net) ပေါ်မှာ အလွယ်တကူ ရှာဖွေ နားဆင်နိုင်ပါတယ်။
Filed under: Myanmar News